ဟိုပုံး အောက်တိုဘာ-၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ် ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ(၃)ရက် နံနက်(၇)ခွဲက ဟိုပုံးမြို့ ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမ တွင် ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ် ၊ဦးတည်ချက်(၉)ရပ်တို့နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ဒေသ၏ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်ချက်များ၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးရန်နှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူလူထုနှင့် လာရောက် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ဒေသ၏ လိုအပ်ချက်များအပေါ် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်နိုင်သည့်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ပြည်ထောင်စုအဆင့်သို့ ဆက်လပ်တင်ပြပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဆိုင်ရာ အချက်အလက်များတင်ပြပြီး ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ဟိုပုံးမြို့နယ်ဆိုင်ရာ အချက်အလက်များ တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဆန်စက်လုပ်ငန်းရှင်၊ ကော်ဖီလုပ်ငန်းရှင်၊ မွေးမြူရေးလုပ်ငန်းရှင်၊ ခနောက်စိမ်းလုပ်ငန်းရှင်၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ထောပတ်အစုအဖွဲ့၊ ကျေးရွာအုပ်စုအဖွဲ့များမှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြ၍ အထွေထွေ ဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စီးပွားရေးလုပ်ငန်းရှင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်အပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်စကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဌာနဆိုင်ရာများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်မှ လက်ခံရယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လုံခုတ်၊ပေါင်လင်း ဌာနေပြည်သူ့စစ် အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းဖြစ်သော ဆန်၊ဆီ၊ကုလားပဲ တို့ကို ထောက်ပံ့ပေးအပ်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်းသိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့ တုံခမ်းကျောင်းတိုက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဦးအာလောကအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ပေးကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)သို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြား၍ ကျောင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ကွန်ပျူတာခန်း၊ မွေးမြူရေးခန်း၊ စိုက်ပျိုးရေးခန်းတို့ကို လှည့်လည်ကြည်ရှု၍ ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟန်လွဲကျေးရွာ နမ့်တဘက်ချောင်းတွင် ရွှေဝါငါးကြင်း(၃၆၅၀၀)ကောင်၊ ငါးခုံးမကြီး (၃၆၅၀၀)ကောင်၊ ငါးမြစ်ချင်း(၃၆၀၀၀)ကောင် ၊ စုစုပေါင်း ငါးကောင်ရေ(၁၀၉၀၀၀) ငါးမျိုးစိုက် ထည့်ပေးကြပြီး ဟန်လွဲကျေးရွာ အုပ်စုရှိ ကျေးရွာများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများက ငါးဖမ်းပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး