နမ့်ခမ်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီး ရေလာ ကောင်းမွန်စေရေး၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းရေးနှင့် အဆောက်အဦးနှင့်ငြိနေသည့် သစ်ကိုင်းများ ရှင်းလင်းရေးလုပ်ငန်းများကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ(၁၄)ရက် နံနက် (၈)နာရီအချိန်ကနမ့်ခမ်းမြို့၊ရပ်ကွက်-၅ ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၏ အတွင်း/ အပြင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရတစကခ(၇)မှ ဗိုလ်မှူးချုပ် လင်းအောင်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင် ဦးဆောင်၍ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊မြို့ထွေ/အုပ် ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊လဝကဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့များ၊စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ အ.လ.က(၁)မှကျောင်းဆရာ/ဆရာမများ ၊ဌာနဆိုင်ရာဝန်ထမ်း များနှင့် အမှတ်(၅)ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးက ဆေးရုံဝန်းအတွင်း /အပြင်ရှိပေါင်းမြက်များ၊ခြုံနွယ်များအား စက်ယန္တရားများ၊လူအင်အားများဖြင့်ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များလှဲခြင်းနှင့်ရှင်းလင်းပြီးအမှိုက်များကိုစည်ပင်အမှိုက်သယ်ယာဉ်ဖြင့်စနစ်တကျ စွန့်ပစ်ရှင်း လင်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးကာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး