နမ့်ခမ်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေ ပြည်သူများ ဆင်းရဲမှု လျှော့ကျစေရန်၊တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့်မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် အောက်တိုဘာလ( ၂၃)ရက် နံနက်ပိုင်းက၂၀၂၃-၂၀၂၄ခု ဘဏ္ဍာ ရေးနှစ် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စယ်ဟိုင်းကျေးရွာ အုပ်စု၊ကုန်းဆာ ကျေး ရွာ၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ခမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိ ဦးတင့်နိုင်မိုးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ပပဝင်းက မြစိမ်းရောင်စီမံကိန်းကို မြို့နယ်အတွင်း ရှိကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမ ပျောက်စေရေး၊ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့်ငွေထုတ်ပေးရခြင်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းရန်ပုံငွေထုတ်ချေးပွဲတွင်လည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကုန်းဆာ ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၃၂)ဦး၊အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၁၂)ဦး စုစု ပေါင်း အသင်းသား(၄၄)ဦးကို စီမံကိန်းရန်ပုံငွေကျပ်(၃၉၇၀၀၀၀၀)သိန်းကျပ်တိတိအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းလက်စွဲ စာစောင်ပါ ညွန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး