တောင်ကြီး စက်တင်ဘာ-၆
နည်းပညာတက္ကသိုလ်(တောင်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မက္ခရာဆောင်နှင့် ဆောင်းချယ်ရီ ဆောင် ကျောင်းသား/ကျောင်းသူများ၏ မိတ်ဆုံညစာစားပွဲကို စက်တင်ဘာ(၅)ရက် ညနေ(၆)နာရီက နည်းပညာတက္ကသိုလ်(တောင်ကြီး) ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ညစာစားပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ကြီး) မက္ခရာဆောင်နှင့်ဆောင်းချယ်ရီဆောင် အဆောင်နေ ကျောင်းသား/ကျောင်းသူများမှ “နှလုံးသားထဲက TU” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နည်းပညာတက္ကသိုလ်(တောင်ကြီး)သည် ၁၉၉၂ ခုနှစ်တွင် စက်မှုလက်မှုသိပ္ပံ (အေးသာယာ)အနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အစိုးရနည်းပညာကောလိပ် ၊ နည်းပညာတက္ကသိုလ်စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်ခဲ့ရာ ယခုဆိုလျှင်သက်တမ်း (၃၁)နှစ်ခန့်ရှိပြီး အင်ဂျင်နီယာနှင့် မဟာဘွဲ့ရ (၃၂၃၄)ဦးခန့် မွေးထုတ်ပေးခဲ့ပြီး လက်ရှိ ပညာသင်နှစ်တွင် လည်း ကျောင်းသား/ကျောင်းသူဦးရေ (၁၀၃၃)ဦးခန့် တက်ရောက် ပညာသင်ကြားနေကြောင်း သိရသည့် အတွက် နိုင်ငံတော်အတွက်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသည်ကို များစွာ ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(တောင်ကြီး) မက္ခရာဆောင်နှင့်ချယ်ရီဆောင် ကျောင်းသား/ ကျောင်းသူများ ညစာမိတ်ဆုံစားပွဲအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ရာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်၊ ဒုတိယ ပါမောက္ခချုပ်တို့မှ လက်ခံရ ယူသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ကြီး) အဆောင်နေ ကျောင်းသားတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်းနှင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) ဆောင်းချယ်ရီဆောင် ၊ မက္ခရာအဆောင်နေ ကျောင်းသူများမှ ရှမ်းတိုင်းရင်းသားရိုးရာအက ၊ ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေခြင်း၊ သီချင်းများဖြင့် ဖျော်ဖြေခြင်း ၊ ဦးရွှေရိုးအက ၊ ဓနုတိုင်းရင်းသားရိုးရာအက ၊ ဗမာတိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ကြ၍ မီးပုံးပျံငယ်လေးများ လွှတ်တင်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး