လွိုင်လင် ဒီဇင်ဘာ ၂၃
ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၃ ရက် နံနက်၅နာရီခွဲ အချိန်တွင်လွိုင်လင်မြို့၌ ကျင်းပဆောင်ရွက်ခဲ့ရာလွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးကံစောလှိုင်၊ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊၀န်ထမ်းများ၊ ကျောင်းသား/သူများ၊ပြည်သူများ စုစုပေါင်း အင်အား ၆၃၀ ဦးခန့် တက်ရောက်ပါ၀င် ဆင်နွှဲခဲ့ကြောင်းသိရှိရသည်။
အဆိုပါလမ်းလျှောက်ပွဲကို တောင်ကြီး-လွိုင်လင်-တာချီလိတ် ပြည်ထောင်စုလမ်းတစ်လျောက် လမ်းလျှောက်ခဲ့ပြီးခရိုင်အားကစားကွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး