မက်မန်း ဒီဇင်ဘာ၂
၂၀၂၃ခုနှစ် ဒီဇင်ဘာလ ပထမဆုံးပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂)ရက် နံနက်(၅)နာရီခွဲက မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှ မက်မန်းမြို့ View Point အထိ စုပေါင်းလမ်းလျှောက်ကြပြီး View Point သွေးပူလေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် ပါဝင်လမ်းလျှောက်ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ ၎င်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ညှင်းပေါင်းနှင့် အကြော် ကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး