မိုင်းဆတ် ဒီဇင်ဘာ၂၃
ဒီဇင်ဘာလ စနေနေ့ တတိယပတ် ပြည်သူလူထုစုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်(၅) နာရီခွဲအချိန်တွင် မိုင်းဆတ်ခရိုင်၏ ခတ္တ စကခ (၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်းဦးဆောင်သော တတ်ရင်းတပ်ဖွဲ့များ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဟိန်းကျော် ၊ခရိုင်အဆင့်ဌာနဆိုင်ရာ များ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ |၀န်ထမ်းမိသားစုများ၊ မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမနှင် ကျောင်းသားကျောင်းသူများ ပါဝင်ပြီးစုစုပေါင်း (၄၃၀)ဦးစုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။
အဆိုပါ စုပေါင်း လမ်းလျှောက်ပွဲအား အထက (ကျောင်းကြီး) လမ်းဆုံတွင် စုရပ် ပြုလုပ်၍ အနော်ရထာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ပြီး ဘုရင့်နောင်လမ်းမှ မိုင်းဆတ်မြို့ အားကစားကွင်းတွင်စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ ၁/၂ ဖြင့်စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်ခဲ့ပါကြောင်း စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်သည်ဌာနဆိုင်ရာများ ပြည်သူလူထုနှင့် ကျောင်းသား/သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ (မိုင်းဆတ် ) မှ ကောက်ညှင်းပေါင်း/အကြော်/လဖ္ဘက်ရည်တို့ဖြင့်ကျွေးမွေးကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး