တောင်ကြီး ဒီဇင်ဘာ-၂၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၂၃)ရက် နံနက်(၆)နာရီက တောင်ကြီးမြို့၊ ကမ္ဘောဇဘဏ်အနီးရှိ လမ်းဆုံ၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လူထူစုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သပြေလမ်း၊ ရုံးကြီးလမ်းအတိုင်း စုပေါင်းလမ်းလျှောက် ခဲ့ကြကာ ပြည်နယ်အားကစားကွင်း၌ စုပေါင်းကိုယ်လက်သွေးပူ လေ့ကျင့်ခန်း အတွဲ(၁)အမှတ်(၂)နှင့် အေရိုးဗစ် အကြောဖြေ လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။
ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)မှကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါး ပါဝင်လမ်းလျှောက်ကြပြီး ပြည်နယ်အားကစားကွင်း၌ ကံစမ်းမဲများဖေါက်ပေးကာ ဆုမဲပေါက်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့် ပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး