တောင်ကြီး ဒီဇင်ဘာ-၁၆

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၃ခုနှစ်ဒီဇင်ဘာလတတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ၂၀၂၃-လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ(၁၆)ရက်နံနက်(၆)နာရီက တောင်ကြီးမြို့၊ ကမ္ဘောဇဘဏ်အနီးရှိလမ်းဆုံ၌ ပြုလုပ်ကြောင်းသိရသည်။
အဆိုပါလူထူစုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သပြေလမ်း၊ ရုံးကြီးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြ၍ ဗိုလ်ချုပ်ပန်းခြံထောင့် လမ်းဆုံ၌ ၂၀၂၃-ခုနှစ် လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်အားကစားကွင်း၌ စုပေါင်းကိုယ်လက်သွေးပူလေ့ကျင့်ခန် အတွဲ(၁)အမှတ်(၂)ပြုလုပ်ကြပြီး အကြောဖြေလေ့ကျင့်ခန်းများဆောင်ရွက်ကြသည်။ ဒီဇင်ဘာလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများ၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)မှကျောင်းသား၊ကျောင်းသူများ၊ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါးပါဝင်လမ်းလျှောက်ကြပြီး ပြည်နယ်အားကစားကွင်း၌ ကံစမ်းမဲများဖေါက်ပေးကာ ဆုမဲပေါက်သူများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး