တောင်ကြီး ဇူလိုင်-၁၀
အာရောဂျံ၊ ပရမံ၊ လာဘံ ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လတ်တစ်ပါးဖြစ်၍ ကလေးလူငယ် ၊လူကြီးများ လူ့လောကတွင် အများနှင့်နည်းတူ လှပကြော့ရှင်းစွာ ရင်ဘောင်တန်းနိုင်ရန်အတွက်ရည်ရွယ်ပြီး ရန်ကုန်၊ မော်လမြိုင်၊ နေပြည်တော်၊ လွိုင်လင် ပြည်သူ့ဆေးရုံကြီး (သွားနှင့်ခံတွင်း) အထူးကုဆရာဝန်ကြီးများမှ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ နူတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဇူလိုင်(၁၀)ရက် ညနေ(၃)နာရီက သွားရောက်ကြည့်ရှုအားပေးစကားပြောကြား၍ အာဟာရပြည့်အစားအစာနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ခွဲစိတ်ကုသပေးကြသော အထူးကုဆရာဝန်ကြီးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦးမှ လက်ခံရယူကြောင်းသိရသည်။
အဆိုပါ စဝ်စံထွန်းဆေးရုံတွင် နူတ်ခမ်းကွဲ၊ အာခေါင်ကွဲ လာရောက်ကုသသူ ကလေးကျား(၁၅)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၂၉)ဦးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လာရောက်ကုသကြပြီး ဇူလိုင်လ(၈)ရက်မှ(၁၂)ရက်အထိ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့