တောင်ကြီး နိုဝင်ဘာ-၂၅
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ (၂၅) ရက်၊ နံနက် (၉) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ သည်။
ဦးစွာအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ဖတ်ကြားသည်။
၎င်းနောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင်ပေးရာ စာစီစာကုံးပထမဆုရ အ.ထ.က(ခွဲ) ယမ်းတွင်း၊ ရပ်စောက်မြို့နယ်မှ မနှင်းနုဝေ၊ ဒုတိယဆုရ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ညောင်ရွှေ မြို့နယ်မှ မဆုပြည့်ပြည့်ခိုင်၊ တတိယဆုရ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ်မှ မပြည့်ဖြိုးလှိုင်တို့အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် ကဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ချီးမြှင့်ပေး၍လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုပွဲတွင် ပထမဆုရ စာပန်းရိပ် ကိုယ်ပိုင်အထက်တန်း ကျောင်း ကလောမြို့နယ်မှ မချမ်းမြေ့နိုင်၊ ဒုတိယဆုရ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဟိုပုံး မြို့နယ်မှ နန်းစန်းစန်းထွေး၊ တတိယဆုရ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း တောင်ကြီးမြို့နယ် မှ နန်းဖောင်းနွန်းတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်က ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုငွေများချီးမြှင့်ပေးကြသည်။
ယင်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့