တောင်ကြီး ဧပြီ-၂၂
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲကို ဧပြီ(၂၂)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင် နိုင်ရေး အတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာကော်မတီ စသည့် ကော်မတီ(၃)ရပ် ဖွဲ့စည်းခဲ့ပြီးရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ကဥက္ကဋ္ဌ၊ပြည်နယ်လူမှုရေးရာဝန်ကြီးကဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ပေးပြီးစုစုပေါင်းအဖွဲ့ဝင်(၂၅)ဦးနှင့်ကော်မတီ၏လုပ်ငန်းတာဝန်(၃)ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယနေ့ဖွင့်လှစ်သည့်နွေရာသီအဆင့်မြင့်အားကစားသင်တန်းများကိုတက်ရောက်လာကြသည့်လူငယ်မောင်/မယ်များသည်ရှမ်းပြည်နယ်က၂၀၂၄ခုနှစ်မတ်လ(၁)ရက်မှဧပြီလ(၁)ရက်နေ့အထိဖွင့်လှစ်ခဲ့သည့်နွေရာသီအခြေခံအားကစားသင်တန်းများကိုတက်ရောက်အောင်မြင်ပြီးကြသူများဖြစ်ပါကြောင်း၊လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုတာဝန်ရှိသူများအပါအဝင်မျိုးဆက်သစ်၊မျိုးဆက်ဟောင်းများ၏စုစည်းညီညွတ်မှုစွမ်းအားဖြင့်ဘက်ပေါင်းစုံမှဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာအနာဂတ်တွင်ကျန်းမာကြံ့ခိုင်သော၊ကိုယ်ကျင့်တရားကောင်းမွန်သော၊တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊တာဝန်ယူမှု၊တာဝနမခံမှုရှိသော၊လူ့ကျင့်ဝတ်လူ့တန်ဖိုးကိုအလေးထား၍စိတ်ဓါတ်ကောင်းမွန်သောလူကောင်းလူတော်များမွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍သင်တန်းသား၊သင်တန်းသူများကအားကစားသစ္စာအဓိဌာန်ရွတိဆိုကြပြီးရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့ကအားကစားနည်းပြအားကစားသမားများအားလိုက်လံနှုတ်ဆက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်တို့ကဘင်ခရာတပ်ဖွဲ့နှင့်အားကစားနည်းအလိုက်အထောက်အကူပစ္စည်းများပေးအပ်ခဲ့ကြကြောင်းသိရသည်။
အလားတူလူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပရာပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာတင်ဝမ်းကလူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ပြည်နယ်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်သင်းန္ဒသီကလူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဒေါ်နန်းသန္တာဦးကလူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးဝင်းဌေးကလူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောကြားပြီးမြန်မာနိုင်ငံပထဝီဝင်ဆိုင်ရာအချက်အလက်များ၊ဥာဏ်စမ်းမေးခွန်းများ၊မေးမြန်းခြင်းနှင့်ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး