တောင်ကြီး အောက်တိုဘာ-၃၀
ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘုရားဖူး ဧည့်သည်တော် များနှင့် အတူအောက်တိုဘာ (၂၉)ရက် ည(၇)နာရီက တောင်ကြီးမြို့ စူဠာမုနိရင်ပြင်တော်တွင် ဆီးမီးကိုးထောင် ထွန်းညှိ ပူဇော်ပေးကြပြီး မီးပုံးပျံ အလုံးငယ်(၃၀၀)ခန့်နှင့် မီးရှူး၊မီးပန်းများဖြင့် ပူဇော်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ရွှေဘုန်းပွင့်စေတီ ဘုရားရင်ပြင်တွင် ဆီးမီး လေးထောင်ငါးရာ ပူဇော်ပေးကြပြီး မီးပုံးပျံအလုံးငယ်များနှင့် ရှမ်းတိုင်ရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေ၍ မီးပုံးပျံ လွှတ်တင်ပူဇော်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး