တောင်ကြီး ဇူလိုင် ၂၁
၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခွဲက အေးသာယာနယ်မြေရဲခစန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇာနည်ဝင်း ဦးစီးအဖွဲ့သည် အေးသာယာမြို့၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ရပ်ကွက် (၁၁) အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် တို့နှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အေးသာယာမြို့၊ ရပ်ကွက်(၈) လမ်းမပေါ်တွင် လူ(၃)ဦးစီးနင်းလာသည့် Luojia-100 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဇော်ဟန်ထွန်း (ခ)ဇောက်ထိုး၊ နိုင်ဇော်ထွန်း(ခ)နိုင်နိုင်း၊ ဆန်းလင်း(ခ)ကောင်လေး ဆိုသူဖြစ်ပြီး ၎င်းတို့ စီးနင်းလာသည့်ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်းပြောပြနိုင်ခြင်းမရှိ၍ စစ်ဆေးခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက်(၇)ရှိ နေအိမ်(၁)အိမ်မှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အေးသာယာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင် မြို့တို့တွင် ဆိုင်ကယ်(၃၀)စီးအား ခိုးယူထားကြောင်း စစ်ဆေးပေါ်ပေါက်ပြီး သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံ လမ်းညွှန်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရေးအစီအမံများရေးဆွဲပြီး စဉ်ဆက်မပြတ် ဖမ်းဆီးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့