တောင်ကြီး နိုဝင်ဘာ-၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၏ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းလုပ်ငန်းအတွက် ငြမ်းစေတီတည်ဆောက်ရန် နတ်ဒေဝါများအားတိုင်တည်ခွင်းတောင်းခြင်းအခမ်းအနားကို နိုဝင်ဘာ (၁)ရက်နံနက်(၇)နာရီကတောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင်ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲဥက္ကဋ္ဌ၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရတနာသုတ်၊ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ပေးကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များတို့အား ဦးထိပ်ထား၍ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းလုပ်ငန်းအတွက် ရွှေငြမ်းတည်ဆောက်ရန် နတ်ဒေဝါများအား တိုင်တည်ခွင့်တောင်းခြင်းဆောင်ရွက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြကာ လှူဒါန်းမှုအစုစုအတွက် ပြည်နယ်သံဃ နာယကအဖွဲဥက္ကဋ္ဌ၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တတေဇဝန္တ ထံ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ရတနာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည်ရွှေဘုန်းပွင့်စေတီတောမြတ်ကြီးတနင်္ဂနွေထောင့်တွင်ရွှေငြမ်းတည်ဆောက်ရန်အတွက်ပွဲတော်နှင့်ရွှေငြမ်းတိုအားအမွှေးနံသာရည်ပက်ဖျန်းပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့၊ သာသနာဝိပုလတိတ်နန်း စာသင်တိုက်အတွင်း ကျင်းပပြုလုပ်သော (နဝမအကြိမ်)အင်းသားအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်တွင် ကထိန်လျာသင်္ကန်း (စုပေါင်း)ဆက်ကပ်လှူဒါန်းခြင်း၊ ဘွဲ့ရနှင့် စာအောင်သံဃာတို့အား ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသောဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ညောင်ရွှေမြိုနယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ သရဏဂုံသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်မြတ်တိုချီးမြှင့်အပ်သောပရိတ်တရားတော်များကိုနာယူကြသည်။
၎င်းနောက်မိုင်းသောက်ပထမစာသင်တိုက်ဦးစီးပဓာနနာယနိုင်ငံတော်သြဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တသုမင်္ဂလာဘိဝံသကကထိန်လျာသင်္ကန်းအညွန်းကို တိုင်ပေး၍ ကထိန်လျာသင်္ကန်းကို ညောင်ရွှေမြိုသာသနဝိပုလတိုတ်နန်းစာသင်တိုက် ဆရာတော်ထံအင်းအမျိုးသားနေ့ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးတိုးရကဆက်ကပ်လှူဒါန်းပေးသည်။
ယင်းနောက် မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယကနိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသဆရာတော် ဘုရားကြီး၏ သက်တော်(၉၀)ပြည့်မွေးနေ့ မင်္ဂလာကိုပူဇော်သောအားဖြင့် ဝိဇာတပူဇာဂုဏပူဇာ၊ ဝယပူဇာ လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆက်ကပ်လှူဒါန်းပေးပြီး အင်းအမျိုးးနေ့ပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ ငွေကျပ် သိန်း(၁၅၀)ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာအင်းအမျိုးသားနေ့ ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌဦးတိုးရမှလက်ခံရယူသည်။
ဆက်လက်၍ သာသနာ့ဇာနည်ဘွဲ့ရ အရှင်မြတ်များနှင့် စာအောင်သံဃာတော် အရှင်မြတ်တို့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးကြပြီး မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယနိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌာဂုရု၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ သြဝါဒါအနုမောဒနာတရားတော်ကို နာကြား၍ လှူမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီးအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ကြွရောက်လာကြသောဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့