တောင်ကြီး ဇူလိုင် ၃ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဇူလိုင် ၃ ရက် နံနက် ၉ နာရီက မြန်မာ့အမျိုးသမီးများနေ့ အခမ်းအနားကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နှင်းဝေက ရှမ်းပြည်နယ်အတွင်း အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အနေဖြင့် အမျိုးသမီးအခွင့် အရေးနှင့် ကျား/မ တန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအားလုံးကို အသက်မွေးဝမ်းကျောင်းပညာရပ်များ ရရှိနိုင်ရေး အတွက် အိမ်တွင်းမှုအတတ်သင်ပညာသင်ကျောင်းများနှင့် ချိတ်ဆက်၍ ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးထုအားလုံးကို ကျား/မ တန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးငယ်များအား မိမိတို့မှာရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန် ကြိုဆိုနှုတ်ခွန်းဆက်စကား၌ ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ၏ ဦးဆောင်မှု ဖြင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များမှ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အညီ အမျိုးသမီးများကို online မှ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ်နိုင်ရေးကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းမှ ပြည်နယ်အတွင်းရှိ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် အမျိူးသမီးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အတွင်းရှိ ထူးချွန်သည့် အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်နှင်းဝေ၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်တို့က အသီးသီးဆုချီးမြှင့် ပေးကြ ကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့အား Video Clip အား တင်ဆက်ပြသ၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး