တောင်ကြီး နိုဝင်ဘာ-၂၀
၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ဆုပေးပွဲနှင့်အောင်ပွဲညစာစားပွဲကို နိုဝင်ဘာလ (၁၉) ရက်၊ ည (၆) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ဆုပေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မီးပုံးပျံပြိုင်ပွဲကို စနစ်တကျ ကျင်းပနိုင်အောင် ပါဝင်ယှဥ်ပြိုင်ကြသည့် ဝါသနာရှင်များ၏ ကဏ္ဍ၊ စည်းစနစ်ကျကျ ဆောင်ရွက်ပေးကြသော ပညာရှင်များ၏ ကဏ္ဍအားလုံးဟန်ချက်ညီအောင် ညှိနှိုင်းဆက်စပ်ပေးသည့် စီမံအုပ်ချုပ်မှုကဏ္ဍ၊ လုပ်ငန်း ကော်မတီအသီးသီးတွင် တာဝန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများ၏ ကဏ္ဍစသည့်ကဏ္ဍအသီးသီးက တက်ညီလက်ညီ တာဝန်ယူခဲ့ကြသည့်အတွက် ဒေသဆိုင်ရာဓလေ့ထုံးတမ်း ယဥ်ကျေးမှုပွဲတော်အဖြစ် ဖော်ဆောင် ကျင်းပနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် မီးပုံးပျံအကဲဖြတ်ဒိုင်အဖွဲ့များ၊ တန်ဆောင်တိုင်ပွဲတော်အဖွင့်သီးချင်း သီဆိုဖျော်ဖြေ ပေးခဲ့ သော တေးသံရှင် စိုင်းဟိန်းကို၊ မီးပုံးပျံလွှတ်ခြင်းနှင့် ပတ်သက်၍ နေ့စဥ်တင်ဆက် ပေးသူ၊ တန်ဆောင်တိုင် ပွဲတော်တွင် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပေးခဲ့သော ဦးကျော်ကျော်ဝင်း၊ တန်ဆောင်တိုင်ပွဲတော်တွင် နေ့စဥ် Live ထုတ်လွှင့်ပေးခဲ့သော Myanmar Shape သတင်း မီဒီယာ၊ Live ထုတ်လွှင့်ပေးပါသော ရှမ်းပြည်နယ်မှပွဲတော်များ ချန်နယ်၊ အကနည်းပြများ၊ တိုင်းရင်းသားအက အဖွဲ့များ၊ ပညာရေးဒီဂရီ ကောလိပ်အဖွဲ့၊ သူနာပြုသားဖွားသင်တန်းကျောင်း (၂)ကျောင်းနှင့် အခြေခံပညာကျောင်း (၃)ကျောင်းတို့ အား ဂုဏ်ပြုချီးမြှင့်ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ၂၀၂၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတွင် ဂုဏ်ပြုဆုနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့ကချီးမြှင့်ပေး၍လည်းကောင်း၊ နေ့လွှတ်အရုပ်ခြေနှစ်ချောင်းနှစ်သိမ့်ဆု (၁၀) မှ (၁) ရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လည်းကောင်း၊ နေ့လွှတ်အရုပ်ခြေလေးချောင်း နှစ်သိမ့်ဆု (၁၀) မှ (၁) ရရှိသူများကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူ များကို ပြည်နယ်သယံဇတရေးရာဝန်ကြီးကလည်းကောင်း၊ နေ့လွှတ်အရုပ် အုပ်စုနှစ်သိမ့်ဆု (၁၀) မှ (၁) ရရှိ သူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ညလွှတ်မီးပုံးပျံစိန်နားပန်မီးပုံးပျံ၊ ညမီးကြီးယမ်းမီး နှစ်သိမ့်ဆု (၁၀)မှ (၁)ရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စိန်နားပန် မီးပုံးပျံ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ် တို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ညမီးကြီးယမ်းမီး တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ချီးမြှင့်ပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့