တောင်ကြီး နိုဝင်ဘာ-၂၆
မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဆိုသည့် အတိုင်း နိုဝင်ဘာ(၂၅)ရက် တန်ဆောင်တိုင်ပွဲတော် ပဥ္စမမြောက်ညတွင် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးစိန်နားပန်မီးပုံးပျံ၊ ယမ်းမီးကြီး မီးပုံးပျံပြိုင်ပွဲနှင့် ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ရုပ်ရှင်နှင့်သရုပ်ဆောင်၊ ဒေသခံအဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေး ဧည့်သည်တော်များ၊ ပွဲတော်လာ ပရိတ်သတ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကွင်းလုံးပြည့်လျှံ လာကြည့်ရှုအားပေးကြကြောင်း သိရသည်။
နိုဝင်ဘာ(၂၅)ရက်နေ့တွင် နေ့လွှတ်အရုပ်ခြေ(၂)ချောင်း(၆)လုံး၊ ခြေလေးချောင်း(၂)လုံးနှင့် အရုပ် အုပ်စု(၂)လုံး၊ ညမီးကြီးစိန်နားပန်(၅)လုံး၊ ညမီးကြီးယမ်းမီး(၂၂)ပေ(၄)လုံး၊ (၂၅)ပေ(၂)လုံး ပါဝင်ယှဥ်ပြိုင် လွှတ်တင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး