တောင်ကြီး ဇူလိုင် – ၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦး အောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်ပင်ချစ်သူများတို့နှင့်အတူ ဇူလိုင်(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရွှေမုဌောဘုရားစောင်းတန်းအတက်လမ်းဘေးရှိ တောင်ကြီးဌက်ဘေးမဲ့ တောစိမ်းလန်းစိုပြည်လှပရေး ချယ်ရီပင်(၁၈၀၀)ပင်နှင့် ထင်းရှူးပင်များ ကွက်လပ်ဖြည့်စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သစ်ပင်စိုက်ပျိုးပေးကြသော ပြည်နယ်သစ်တောအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့ ထင်းရှူးတောရှိ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း(MRRP)မှ ဆောင်ရွက်နေသော ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧကအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဆင့်မှ ၁/၂၀၂၃ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧက စိုက်ခင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ၁/၂၀၂၃ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧက စိုက်ခင်းတွင်ထင်းရှူး၊ ပြည်လုံးချမ်းသာ၊ မာတာကွတ်ပင်များ စိုက်ပျိုးပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့