တောင်ကြီး ဇန်နဝါရီ-၂
ဆေးတက္ကသိုလ်- တောင်ကြီး ဆေးပညာအခြေခံနှစ် (၁၁/၂၀၂၃)သင်တန်း Orientationနှင့် (၂၀၂၄) ပညာသင်နှစ် ဘွဲ့လွန် သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ဆေးတက္ကသိုလ်- တောင်ကြီးဘက်စုံခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆေးပညာအခြေခံ (၁၁/၂၀၂၃)သင်တန်း Orientation နှင့် (၂၀၂၄)ပညာသင်နှစ် ဘွဲ့လွန်သင်တန်းကို တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်တွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာဝန်၊ ဆရာဝန်မများ ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ကြား ကြရန်နှင့် ကဏ္ဍပေါင်းစုံတွင်လည်း ထူးချွန်စွာ ကြိုးစားပေးကြရန် ဆေးပညာရပ်များတွင်လည်း ထူးချွန်စွာ ကြိုးစားပေးကြရန်၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးမည့် ဆေးပညာရပ်ကောင်းများ ဆေးပညာဘာသာရပ်များကို ထူးချွန်စွာ မွေးထုတ်ပေးနေပါကြောင်း၊ မောင်တို့မယ်တို့သည် အမိတက္ကသိုလ်တွင် ဆေးပညာရပ်များကို စာတွေ့လက်တွေ့ သင်ယူပြီး ဘဝအတွေ့အကြုံ ကောင်းများ လွတ်လပ်ပျော်ရွှင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့်အတူ ကြီးပြင်းလာပြီး အနာဂတ်မြန်မာနိုင်ငံအတွက် အားကိုး အားထားရမည့် ပညာရှင်ကောင်းများအဖြစ် ပေါ်ပေါက်လာကြစေရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆေးတက္ကသိုလ်တောင်ကြီးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်မှ လက်ခံရယူပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးအက ဗဟိုအဆင့် ရွှေတံဆိပ်ဆုရရှိခဲ့သည့် တတိယအမ်ဘီဘီအက်စ် (၅/၂၀၂၃)သင်တန်းမှ မစုယွန်းရွှေရည်အား ပြည်နယ်ဝန်ကြီးချုပ်က ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်တို့က ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဆေးပညာအခြေခံနှစ် (၁၁/၂၀၂၂)သင်တန်းတွင် (၄)ဘာသာ၊ (၃)ဘာသာဂုဏ်ထူး ရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာသဲနုထွေးနှင့် ကထိကဌာနမှူးများမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ၊ တတိယအမ်ဘီဘီအက်စ် (၁၂/၂၀၁၉)သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခဌာနမှူးများ၊ ပါမောက္ခဆရာမကြီးတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယအမ်ဘီဘီအက်စ် (၅/၂၀၂၂)သင်တန်းတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခဆရာမကြီးတို့မှ ဆုများအသီးသီး ချီးမြှင့်ပေးကြ ကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် တောင်ကြီး-တက္ကသိုလ် ကျိုင်းတုံခန်းမတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံ ပေးအပ်ပွဲတက်ရောက်၍ အမှာစကားပြောကြားရာ ပညာရေး ဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၂၄ခုနှစ်ဇန်နဝါရီလ(၉)ရက်မှ (၁၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင်တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အားကစားသမားများ ပါဝင်သော တောင်ကြီးဇုန် ဘောလုံးအားကစားအသင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားအသင်းနှင့် တောင်ကြီးတက္ကသိုလ် ပြေးခုန်ပစ်အားကစားအသင်း၊ ပိုက်ကျော်ခြင်းအားကစားအသင်း ၊ စားပွဲတင်တင်းနစ်အားကစားအသင်း အားကစား သမား စုစုပေါင်း (၈၂)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ သွားရောက်ယှဉ်ပြိုင် ကြမည့် အားကစားပြိုင်ပွဲများတွင် မောင်မယ်တို့၏ အားကစားအရည်အချင်းကောင်းမွန်မှု၊ အားကစားစိတ်ဓာတ်များခိုင်မာမှုကို ပြသပြီး အောင်ပွဲဆင်နိုင်ရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများနှင့် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှ လက်ခံရယူ၍ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်မှ သွားရောက်ယှဉ်ပြိုင်မည့် အားကစားပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး