မိုင်းဆတ် ဧပြီ-၁၁
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ဧပြီ ၁၁ ရက် နံနက် ၁၁နာရီ တွင် ပြည်သူစစ်မူထမ်းဆင့်ခေါ်ရေး အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
၎င်းအစည်းအဝေးတွင် ခရိုင် ပြည်သူစစ် ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့စစ်ဆင့်ခေါ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ခရိုင်ပြည်သူ့စစ် ဆင်ခေါ်ရေးဥက္ကဋ္ဌ ဦးညီညီထွေးမှ ပြည်သူ့စစ်မူထမ်းဆင့်ခေါ်ရေးလုပ်ငန်းများအား ဥပဒေ၊နည်းဥပဒေများ Sop ပါလုပ်ငန်းစဉ်းများ၊ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ကာလအတွင်း စာရင်း ကောက်ယူပြီးစီးရေး၊ သတ်မှတ် အင်အားအတိုင်း အဆင့်ဆင့် တင်ပြနိုင်ရေး ၊သင်တန်း ပထမပတ်တွင် သင်တန်းသားအား သတ်မှတ်နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ၊ဒုတိယအပတ်စဉ်အတွက် ပေးပို့လာသည့် (12) ဦးအား Frame work ပါ အချိန်ဇယားအတိုင်းပို့ဆောင်နိုင်ရေး ဆောင်ရွက်ရန် l တတိယအပတ်စဉ်အတွက် သင်တန်းသားကိုလဲ စာရင်း ကောက်ယူပြုစုထားရန်လိုအပ်ကြောင်း၊ ဒုတိယကြိမ် ပို့ဆောင်မည့် သင်တန်းသား များသည့်အတွက် အုပ်ချုပ်စီမံမှ ကိစ္စ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း Iအခက်အခဲများရှိပါက တင်ပြရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ် စစ်မှု့ထမ်းဆင့်ခေါ်ရေး ဥက္ကဋ္ဌနှင့် အတွင်းရေးမူးတို့၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး