လားရှိုး ဧပြီ-၂၉
လားရှိုးခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် မရရှိခဲ့သည့် သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်၊ နမ့်ခမ်းမြို့နယ်များရှိ ကျောင်းသား/သူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက လားရှိုးမြို့၊ အထက(၈)တွင် ကျင်းပဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျောင်းသား/သူများအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လားရှိုးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများမှ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး