ကျိုင်းတုံ ဩဂုတ်-၂၄
ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဗျာထိတ်တော်ပေးရပ်တော်မူဘုရားကြီး ပရဝဏ်အတွင်း ဝါတွင်းကာလ စုပေါင်းဆွမ်းတော်ကြီး လောင်းလှူပွဲအခမ်းအနားကို ဩဂုတ်လ( ၂၄) ရက်နေ့၊ နံနက်( ၆ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဉီး နှင့် ဇနီး ဒေါ်သီတာကြိုင် သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ စစ်ဘက်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် အတူတက်ရောက်ခဲ့ပြီး သံဃာတော် နှင့် သီလရှင်အပါး ( ၂၄၅ ) ပါးတို့အား ဆွမ်းတော်ကြီး လောင်းလှူခြင်းတွင် အတူလိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့