ကျိုင်းတုံ ဒီဇင်ဘာ-၇
ကျိုင်းတုံမြို့၊ စုရပ်ဖြစ်သည့် မြို့မအားကစားကွင်းအနီးရှိ ကျောက်တိုင်ရှေ့မှစတင်၍ ဒီဇင်ဘာအားကစားလ ကိုယ်လက်လှုပ်ရှားမှု လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ( ၇ ) ရက် နံနက်( ၅ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့်အတူ စုဆုံခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြရာ မြို့မအားကစားကွင်းအတွင်းရောက်ရှိချိန်တွင် ကိုယ်လက်ကြံခိုင်မှု အတွဲ(၁/ ၂) လေ့ကျင့်ခန်းတို့ကို အတူတကွလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် နံနက်(၇) နာရီခွဲမှ (၀၈၃၀)နာရီထိ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းတွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲဖြစ်သည့် တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် မြက်ရိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် စစ်ဘက်/ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး