ကျိုင်းတုံ ဩဂုတ်-၁၄
ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ( ၂၀၂၄ ) ခုနှစ်၊ ဩဂုတ်လ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ( ၂၀၂၄-၂၀၂၅)ဩဂုတ်လ (ဒုတိယပတ် ) ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ( ၁၄) ရက် နံနက်(၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် သက်ဆိုင်ရာဌာနများမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ အသင်း အဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ အခမ်းအနားကျင်းပနိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးညှိနှိုင်းတင်ပြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေး‌ပေးခဲ့သည်။
ထို့နောက်ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ မြောက်ဘက်၊ ကွင်းပြင်ပ၊ မြေဧရိယာ ( ၂၀.၀၀ ) ဧကခန့် မြေနေရာသို့ ဩဂုတ်လ( ၁၄) ရက်နေ့၊ မွန်းလွဲ( ၃ ) နာရီခွဲမှ ညနေ(၇) နာရီထိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် သက်ဆိုင်ရာဌာနများမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် အတူသွားရောက်ခဲ့ပြီး အဆိုပါမြေနေရာအား Public Square အဆိုပြုမြေနေရာ( ၂ ) မြေနေရာ အဖြစ်ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့