ကျိုင်းတုံ ဒီဇင်ဘာ-၉
ကျိုင်းတုံမြို့ ကားကြီးကွင်းဆောင်ရွက်ရန် မြေနေရာနှင့်စပ်လျဉ်း၍ ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဟွေပွန်သုသာန်ဟောင်းမြေနေရာ၊ RC ခရစ်ယာန် သုသာန်ဟောင်း မြေနေရာနှင့် ဆက်စပ်မြေနေရာတို့အား ဒီဇင်ဘာလ( ၉ ) ရက်နေ့၊ ညနေ( ၃ ) နာရီခွဲမှ (၄ ) နာရီခွဲထိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန(ကျိုင်းတုံ)မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဌာန(ကျိုင်းတုံ)မှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ရာ သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့