ကျိုင်းတုံ နိုဝင်ဘာ-၃၀
ရှမ်းနှစ်-၂၁၁၉ ခု၊ကောဇာသက္ကရာဇ်-၁၃၈၆၊ခရစ်နှစ်၂၀၂၄ခုနှစ်ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်မိတ်ဆုံစားပွဲကိုနိုဝင်ဘာ(၃၀)ရက်ညနေ(၅)နာရီကရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်အားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်း၊ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကောမတီနာယကဒေါက်တာစဝ်လင်းဆိုင်ဟွန်းနှင့်ဦးစိုင်းတစ်အွမ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြ၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တိုင်းရင်းသားပြခန်းများအားလှည့်လည်ကြည့်ရှူအားပေးကြကြောင်းသိရသည်။
ထို့နောက်အခမ်းအနားဒုတိယပိုင်းတွင်ရှမ်းပြည်အတွင်းရှိတိုင်းရင်းသားပေါင်းစုံမှအဖွင့်သီချင်းသီဆိုဖျော်ဖြေကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအမှာစကားပြောကြားရာသာသနာသက္ကရာဇ်၄၅၀ခု၊B.C၉၄ခုနှစ်တွင်မိုင်းမောက်ခေါင်မောလုံအမည်တွင်သောမောရှမ်းပြည်မှရှမ်းနှစ်သစ်ကူးပွဲတော်ကိုစတင်ခဲ့ပါကြောင်း၊ရှမ်းနှစ်သစ်ကူးပွဲတော်၏အဓိကအသွင်သဏ္ဍာန်မှာနှစ်သစ်ကိုကြိုဆိုခြင်း၊နှစ်သစ်၌ထွက်ရှိသောဆန်ရေစပါး၊ကောက်ပဲသီးနှံကိုဦးထိပ်ထားပြီးကောပ်သစ်စားသုံးခြင်း၊ဆွေမျိုးအိမ်နီးနားခြင်းတို့နှင့်အပြန်အလှန်ကောက်သစ်မုန့်များလက်ဆောင်ပေးခြင်း၊သက်ကြီးရွယ်အိုမိဘများအားကန်တော့ခြင်း၊သံဃာတော်များအားစုပေါင်းလှူဒါန်းခြင်းစသောကောင်းမှုများကိုပြုလုပ်ကြကြောင်း၊၂၁၁၉ခုရှမ်းနှစ်သစ်ကူးပွဲတော်သည်ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးချစ်ကြည်ခြင်း၊နိုင်ငံတော်နှင့်ပြည်သူလူထုအားလုံးကျန်းမာချမ်းသာငြိမ်းချမ်းခြင်းကိုရည်ညွှန်းပြီးကျင်းပခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရှမ်းနှစ်သစ်ကူးပွဲတော်အတွက်ထောက်ပံ့ငွေများပေးအပ်ရာပွဲတော်ဖြစ်မြောက်ရေးကော်မတီနာယကတစီဦးမှလက်ခံရယူပြီးတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်ကနှုတ်ခွန်းဆက်စကားပြောကြားပြီးရှမ်းနှစ်သစ်ကူးပွဲတော်အတွက်ထောက်ပံ့ငွေများပေးအပ်ပြီးရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီနာယကတစ်ဦးမှနှုတ်ခွန်းဆက်စကားပြောကြားသည်။
၎င်းနောက်ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီနာယကတာဝန်ရှိသူတစ်ဦးကရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်တို့အားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်လက်ဆောင်နှင့်ဂုဏ်ပြုမှတမ်းလွှာများပေးအပ်ပြီးရှမ်းနှစ်သစ်ကူးပွဲတော်တွင်သီချင်းဆိုပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအကပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊တတိယဆုရရှိသူများနှစ်သိမ့်ဆုရရှိသူများနှင့်အကဲဖြတ်အမှတ်ပေးကြသောဒိုင်အဖွဲ့များအားဆုချီးမြှင့်ပေးကြောင်းသိရသည်။ ယင်းနောက်ဧည့်သည်တော်များအားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်မိတ်ဆုံစားပွဲဖြင့်တည်ခင်းဧည့်ခံပြီးအဆိုအကများဖြင့်ဖျော်ဖြေတင်ဆက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးတို့ကယဥ်ကျေးမှုအကအဖွဲ့များအားထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့