ကျိုင်းတုံ ဧပြီ-၂၇
ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို ဧပြီ(၂၇)ရက်နေ့၊ နံနက်(၇) နာရီတွင် တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်အောင် စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌသည် တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး