ကျိုင်းတုံ မေ-၂၁
ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မောဒယ စာသင်တိုက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးဆိုင်ရာ စောင့်ရှာက်မှုပေးခြင်း အခမ်းအနားကို မေလ(၂၁)ရက် နံနက်(၉) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာအပါး ( ၁၅၀ ) အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့