ကျိုင်းတုံ ဩဂုတ်-၂၀
ကျိုင်းတုံမြို့၊ အမှတ် ( ၅ ) ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းတွင် တည်ဆောက်ထားရှိသည့် ကျိုင်းတုံဟော်နန်းသို့ ဩဂုတ်လ( ၂၀) ရက် နံနက်( ၉ ) နာရီခွဲတွင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ဟော်နန်းပြတိုက်ခင်းကျင်းပြသထားရှိမှု အခြေအနေများ လိုက်ပါကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျိုင်းတုံမြို့၊ အမှတ်( ၄ )ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို နံနက်(၁၀ ) နာရီခွဲခန့်တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ခြင်းယဉ်ကျေးမှုပြတိုက်ခင်းကျင်းရေး လုပ်ငန်းဆိုင်ရာများအား ရှေးဟောင်းသုသေတနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များကိုယ်စား အာခါတိုင်းရင်းသားအကြီးအကဲဦးမင်းညိုမှ ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့