ကျိုင်းတုံ နိုဝင်ဘာ-၁၄
ကျိုင်းတုံမြို့၊ လွယ်မွေအုပ်စု၊ ပန်ကွဲရွာရှိ အခြေခံပညာမူလတန်းကျောင်း(ပန်ကွဲ)သို့ နိုဝင်ဘာလ( ၁၄ ) ရက် နံနက်(၉) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ပညာရေးမှူးရုံးခွဲမှ ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်း၍ ကျောင်းခြံစည်းရိုး(၅၅၀)ပေ ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီး ကျောင်း၏ ယာဘက်တွင် ခြံစည်းရိုးဆောက်လုပ်နေသော အပိုင်းအား ပိုမိုသင့်လျော်သည့် နေရာတွင် ပြောင်းရွှေ့ဆောက်လုပ်စေရန် မှာကြားခဲ့ပြီး အခြားလိုအပ်သည်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့