ကျိုင်းတုံ ဩဂုတ်-၂၉
ကျိုင်းတုံမြို့၊ ဝမ်မိုင်ကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း သို့ ဩဂုတ်လ( ၂၉) ရက် မွန်းလွဲပိုင်း( ၃ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန( ကျိုင်းတုံ )ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးမှ မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ခဲ့ပြီး မြေပြင်ကွင်းဆင်းကြည့်ရှုစိစစ်ဆောင်ရွက်ခဲ့ရာ နည်းပညာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ကြီးတို့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များ၊ သင်တန်းသား/ သူအိပ်ဆောင်နေရာ၊ အလုပ်ရုံနေရာများ အား ကြည့်ရှုလေ့လာခဲ့ရာ နည်းပညာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း၊ ကျောင်းအုပ်ကြီးတို့မှ လိုက်လံပြသရှင်းလင်းတင်ပြခဲ့ခြင်း များအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့