ကျိုင်းတုံ မတ်-၂
ကျိုင်းတုံမြို့နယ်၊ လွယ်မွေအုပ်စုရှိ စတုရဌသုမင်္ဂလစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို မတ်လ(၂ ) ရက် နံနက်( ၉ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများမှ စေတီတော်မြတ်ကြီးအားရွှေသင်္ကန်းများ စတင်ကပ်လှူပူဇော် ကုသိုလ်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး