ကျိုင်းတုံ ဩဂုတ်-၁၂
ကျိုင်းတုံမြို့၊ လွိင်မွေတောင်စခန်းမြို့ တွင် ( ၂၀၂၄ ) ခုနှစ် မိုးရာသီ ချယ်ရီ ( ၂၇၀၀ ) ပင် စိုက်ပျိုးပွဲအခမ်းအနားကို ဩဂုတ်လ(၁၂) ရက်၊ နံနက်( ၉ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး နှင့် ဇနီး ဒေါ်သီတာကြိုင်သည် ပြည်နယ်ခွဲ/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ စုစုပေါင်းအင် ( ၂၀၀ ) ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အလှူရှင် ဦးအောင်ခင်(နဂါးနှစ်ကောင်ကုမ္ပဏီလိမိတက်)အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များအား ပျိုးပင်များပေးအပ်ခြင်း၊ စုပေါင်းချယ်ရီပင် စိုက်ပျိုးခြင်း၊ သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံ့ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျိုင်းတုံမြို့၊ ခရိုင်အားကစားကွင်းတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌဖလား အသက် ( ၂၅ )နှစ်အောက် အမျိုးသားမြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၂) ရက်၊ မွန်းလွဲပိုင်း( ၂ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၃)၊ ပြည်နယ်ခွဲ/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ ဒေသခံပြည်သူလူထုများ၊ စုစုပေါင်းအင်အား ( ၁၀၀၀ ) ဦးခန့်နှင့်အတူ တက်ရောက် ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခြင်း၊ သရုပ်ပြအစီအစဉ် တင်ဆက်ပြသသော အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး တာချီလိတ်မြို့နယ်အသင်းနှင့် မိုင်းဖြတ် မြို့နယ်အသင်းတို့ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးခြင်းခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့