ကျိုင်းတုံ ဖေဖော်ဝါရီ-၂၂
ကျိုင်းတုံတက္ကသိုလ် ဝန်းအတွင်းတွင် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို ဖေဖော်ဝါရီလ( ၂၂ ) ရက် နံနက်(၇) နာရီခွဲတွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြက်ရိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် စစ်ဘက်/ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
၎င်းသန့်ရှင်းရေးပွဲကို တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး