လောက်ကိုင် အောက်တိုဘာ လ ၇ ရက်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ဒေသကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီခွဲတွင် လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဒေသ/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒေသရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား (၃၅၀)ဦးခန့်တို့မှ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ ရှင်းလင်းခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး