ကလော နိုဝင်ဘာ-၆
(၁၈)ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာ ထွန်းညှိ ပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ထောက်ပံ့ လှူဒါန်းငွေ ပေးအပ်ပွဲကို နိုဝင်ဘာ(၆)ရက် နံနက်(၁၀) နာရီခွဲက ကလောမြို့နယ် ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံ အလှပဒေသာ ထွန်းညှိပူဇော်ပွဲကို မဖြစ်မနေ အကောင်အထည်ဖော်မည်ဆိုပါက စီမံဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ စီမံဆောင်ရွက်ရာတွင်လည်း မြို့မိ၊မြို့ဖနှင့် ဒေသခံများကလည်း မိမိဒေသအတွက် အန္တရာယ် မဖြစ်စေရန် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရာတွင်လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်၍ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ (၁၈)ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံ အလှပဒေသာ ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ လှူဒါန်းငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး အလှူရှင်များမှ ထောက်ပံ့လှူဒါန်းငွေများအား ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ဌေးအောင်၊ ကလောမြို့မိ၊ မြို့ဖ ဦးစိုးမင်းတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး မြို့မိ၊မြို့ဖ ဦးစိုးမင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး